Saturday, May 24, 2014

"Apple ID အဟောင်းကို Sign out လုပ်ပြီး ID အသစ်ဖြင့် Sign In လုပ်နည်း"

Apple ID အသစ်ရရှိပြီးသူများက အရင်က မိမိ iPhone,iPad,iPod မှာ သုံးနေတဲ့ Apple ID အဟောင်းကို Sign out လုပ်ချင်ရင်

Setting > iTunes & App Store (ပုံ-၁) ကို နှိပ်ပါ > ပြီးလျှင် (ပုံ-၂) ထဲမှာတွေ့သော Apple ID : example@gmail.com စာအပြာရောင်လေးအားနှိပ် ပါ > (ပုံ-၃) ထဲကလို ပေါ်လာလျှင် Sign Out ကိုနှိပ်ပါ > (ပုံ-၄) မှာမြင်ရတဲ့ အတိုင်း Apple ID နေရာမှာ

Email : example@gmail.com (မိမိ Apple ID အသစ် ဖွင့်ထားသော Email)

Password : example(မိမိ Apple ID အသစ် password )

ကိုထည့်ပြီး Sign In ကို နှိပ် ပြီး ရင် မိမိရဲ့ iPhone,iPad,iPod မှာ Apple ID အသစ်ပြောင်းပြီးပါပြီ နောက်ထပ် App အသစ်တွေဒေါင်းပါက Apple ID အသစ်ရဲ့Password ကိုရိုက်ထည့်ပေးပါ။

***** အဓိကအချက်ကတော့ Apple ID အသစ်ပြောင်းပြီး သော် လည်း အရင်အကောင့်အဟောင်းဖြင့် ဒေါင်းထားပါသော App တွေကို Update လုပ်ချင်ရင် အကောင့်အဟောင်းရဲ့ Password လိုပါတယ် ထို့ကြောင့် ဤနည်းတွင် အကောင့် အဟောင်း နှင့် အသစ် နှစ်ခုလုံးရဲ့ Password မှတ်မိနေဖို့အရေးကြီးပါတယ် *****

 
***** အဲ့ဒီနည်းဖြင့်မလုပ်လိုပဲ မိမိ အကောင့်သစ်ဖြင့်သာ သုံးလိုပါက အကောင့်ဟောင်းဖြင့်ဒေါင်းထားသော App အားလုံးဖျက်ပြစ်ပြီး အကောင့်အသစ်ဖြင့် App အားလုံးပြန်ဒေါင်းရပါမည် ။ မှတ်ချက် - အကောင့်အဟောင်းဖြင့် Appများ ပိုက်ဆံပေးဝယ်ယူထားပါက သတိပြုပြီး ဘယ်နည်းသုံးသင့်သလဲမိမိဘာသာဆုံးဖြတ်ပါ*****
 




No comments:

Post a Comment