Wednesday, May 28, 2014

AppStore VN ဆိုတဲ့ iOS Store လေး ကို Jailbreaked မလုပ်ရသေးသောဖုန်းများ တွင် Date & Time Setting အား OCT,10,2012 ပြောင်းထားပါသော်လည်း Install Failed ဖြစ်နေသူများအတွက်


iPhone,iPod,iPad အသုံးပြုသူများအတွက် ပိုက်ဆံပေးဝယ်ရသော

App,Games များအားပိုက်ဆံမပေးပဲအဆင်ပြေစွာဒေါင်းနိုင်မယ့်

AppStore VN ဆိုတဲ့ iOS Store လေး ကို Jailbreaked မလုပ်ရသေးသောဖုန်းများ တွင် Date & Time Setting အား OCT,10,2012 ပြောင်းထားပါသော်လည်း Install Failed ဖြစ်နေသူများ AppStoreVN ( Version 3.2 ) ဖြင့် ပြန်င်္ပြီး Install လုပ်ကြည့်ပါ နည်းလမ်းကတော့PDFထဲကအတိုင်းပါပဲ AppStoreVN ( Version 3.2 ) Download Link >
http://www.mediafire.com/download/n2npcrz72tybedn/AppStoreVn%28v3.2%29.ipa

AppstoreVn အသုံးပြုနည်း PDF ဒေါင်းရန် > https://app.box.com/s/hvudjcr7p3s63piz8j1p



Sunday, May 25, 2014

"Bypass iOS Activation without Apple ID"

သင့်ရဲ့ လက်ထဲမှာ

မူလပိုင်ရှင်ရဲ့ Apple ID ကို မသိလို့ Activate လုပ်မရတဲ့ iPhone တစ်လုံးရှိနေပါသလား..?
မိမိရဲ့ Apple ID ကို ကိုယ်တိုင်မေ့သွားလို့ Activate လုပ်မရတော့ဘူးလား..?
တန်ဖိုးကြီးကြီးပေးထားရတဲ့ Apple iDevice ကို အရုပ်တစ်ရုပ်လို မှန်ဗီရိုထဲမှာပဲ အပြီးအပိုင် အလှ ပြထားရတော့မှာလား...?

စသော စသော Activation ပြဿနာတွေကြောင့် အိပ်ပျော်နေတဲ့ iDevice လေးတွေကို နှိုးလိုက်ကြရအောင်....

အမည်မဖော်ပြလိုတဲ့ Hacker တစ်ယောက်ရဲ့ ရိုက်ချက်က Apple ကို ဆတ်ဆတ်ခါအောင် အသဲခိုက်သွားစေပါတယ်။
iDevice တွေရဲ့ လုံခြုံရေးကို ခေါင်းစဉ်တင်ပြီး iOS 7 က စတင်၍ iCloud ကို အသုံးပြုပြီး Apple ID နဲ့ ထိန်းချုပ်ထားခဲ့တဲ့ Activation system ကို ကျော်ဖြတ်နိုင်တဲ့ exploit (ဆေးထိုး) ခံလိုက်ရပါတယ်။

Apple က ဒါကို သိလိုက်တဲ့ အချိန်မှာ နောက်ကျသွားခဲ့ပါပြီ၊ အဆိုပါ Hacker ကို ဆက်သွယ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ သူ့လမ်းပဲ သူဆက်လျှောက်မယ့် သဘော ဖြစ်ပါတယ်။

iDevice ကို USB ကြိုးနဲ့သွယ်ပြီး PC နဲ့ ချိပ်ဆက်လိုက်တာနဲ့ Activation ကို ကျော်ဖို့ iDevice ကို လှည့်ဖြားလိုက်တဲ့ သူ့ရဲ့ နည်းပညာက ကြီးကြီးမားမား software တွေ သုံးရတာမျိုး မဟုတ်ပါဘူး။

"စာကြောင်းလေး တစ်ကြောင်း" ကို မိမိ PC ရဲ့ 'host' file မှာ သွင်းပေးလိုက်ရုံနဲ့တင် Activation ကျော်သွားအောင် လုပ်ထားတဲ့ နည်းပညာက user တွေအတွက် အခက်အခဲ မရှိအောင် ရိုးရှင်းပါတယ်။

iDevice များ အားလုံးအတွက် လုပ်ပေးနိုင်ပေမယ့် GSM iPad's, iPhone 4S, iPhone 5 (c) (s) တို့ကတော့ Beta Testing အဆင့်မှာပဲ ရှိနေပါသေးတယ်။


>> လုပ်ငန်းစဉ် <<

လိုအပ်ချက် - iDevice နှင့် PC နှစ်ခုလုံးတွင် connection Online ဖြစ်ရပါမည်။

၁) iDevice ကို WiFi နှင့်ချိပ်ဆက်ပြီး Activation နေရာထိ သွားပါ။

၂) PC ၏ Web Browser မှနေ၍ DoulCi.net ကိုသွားပါ။

၃) " ***.***.*.**.albert.apple.com " ပါသော IP address စာသားကို Copy ယူပါ။

၎) လမ်းကြောင်းရှိ 'host' file တွင် Paste လုပ်ပြီး save လုပ်ပါ။
      C:\Windows\System32\drivers\etc\hosts (Windows)
      /private/etc/hosts (Mac)

၅) iDevice ကို Unplug လုပ်ပါ။ ပြီးမှ PC နှင့် ပြန်ချိပ်ပါ။

၆) iTunes မှ pop-up message တက်လာပါက 'Continue' ကို နှိပ်ပါ။

Activation အဆင့်ကို ကျော်သွားနိုင်ပါပြီ...

မှတ်ချက်။ ။

အဆင့် (၃) အတွက် ရှာမတွေ့ပါက ( 197.153.9.35.albert.apple.com ), (188.226.251.76 albert.apple.com) တို့ကို အသုံးပြုနိုင်ပါတယ် (မသေချာပါ)...

DoulCi Server address က အမြဲပြောင်းလဲလျှက်ရှိပါတယ်၊ ဒါကြောင့် IP address မတွေ့သူများ နာရီဝက်ခြား တစ်ခါလောက် အမြဲစစ်ဆေးနေသင့်ပါတယ်။ (သို့မဟုတ်) DoulCi Team အဖွဲ့ဝင်များဖြစ်ကြသော @MerrukTechnolog, @AquaXetine တို့ရဲ့ Twitter တွင် သွားရောက် ဆက်သွယ်နိုင်ပါတယ်။ 


Credit to : Moe Tha Gyar ( www.moethagyarr.info ) မူရင်းလင့် > http://www.moethagyarr.info/2014/05/bypass-ios-activation-without-apple-id.html


HiPStore

iOS JailBreakလုပ်ထားသူများအတွက် Paid Applications & Games များကို Free ရယူဖို့ အလွယ်ဆုံးနဲ့ဒေါင်းလို့အကောင်းဆုံးကတော့ Safari ကနေ http://store.heaveniphone.com/hipstore.html အဲ့ဒီလင့်ကိုသွားပြီး Add to home screen လုပ်ပါ ပြီးလျှင်ကိုကြိုက်တာရှာပြီးဒေါင်းနိုင်ပါသည်။

သူငယ်တန်း Apple ဖတ်စာ (Easy iDevice Guide)

သူငယ်တန်း Apple ဖတ်စာ (Easy iDevice Guide) ဆိုတဲ့ ကိုနေဇာအောင်(မိုးသိကြား) ရေးထားတဲ့ iOS အတွက်စာအုပ်ကောင်းလေးတစ်အုပ်ပါ အရင် က www.moethagyar.info ကနေ ဒေါင်းထားတာပါမဖတ်ရသေးသူများဖတ်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်Download Link https://app.box.com/s/zc4fmx3jmq5o49uigzoa

AppStore VN ဆိုတဲ့ iOS Store လေး တစ်ခုပါ

iPhone,iPod,iPad အသုံးပြုသူများအတွက် ပိုက်ဆံပေးဝယ်ရသော

App,Games များအားပိုက်ဆံမပေးပဲအဆင်ပြေစွာဒေါင်းနိုင်မယ့်

AppStore VN ဆိုတဲ့ iOS Store လေး တစ်ခုပါ JailBreaked လုပ်ထားသူများရော JailBreaked မလုပ်ထားသူများပါထည့်သွင်းနိုင်မှာပါ

အသုံးပြုပုံအဆင့်ဆင့် ရေးပြီးသွားပါပြီ PDF ဖိုင်(1.74Mb) လေး Upload လုပ်ပြီးပါပြီ

"ကဲအားလုံးဒေါင်းဖို့အဆင်သင့်ပဲလား ဗျ " Share လွတ်လပ်စွာလုပ်နိုင်ပါသည်။

AppstoreVn အသုံးပြုနည်း PDF ဒေါင်းရန် > https://app.box.com/s/hvudjcr7p3s63piz8j1p


Saturday, May 24, 2014

" Apple ID ကို Credit Card မတောင်းအောင်ဖွင့်နည်း Pdf file "

ကျွန်တော်ရေးထားတဲ့

" Apple ID ကို Credit Card မတောင်းအောင်ဖွင့်နည်း "

လေးကို PDF ဖိုင်လေးလုပ်ပေးထားပါတယ်

ပြန်လည်ဝေမျှချင်သူများနှင့်မိမိကိုယ်တိုင်အကောင့်ဖွင့်ကြည့်ချင်သူများ

ဒီလင့်လေးကဒေါင်းနိုင်ပါတယ် ခင်ဗျာ

https://app.box.com/s/0zi6vk57y34wfjft5j5g

"Apple's iCloud Activation Lock ကိုကျော်နည်း [how to bypass iCloud Activation] မှာ host file save လုပ်လို့မရသူများအတွက်"


 "Apple's iCloud Activation Lock ကိုကျော်နည်း [how to bypass iCloud Activation] မှာ host file save လုပ်လို့မရသူများအတွက်"


၁ ၊ မိမိ ကွန်ပြူတာမှ AntiVirus Sofware ကိုခဏပိတ်ထားပေးပါ

၂ ၊ HostsXpert.exe ကိုဖွင့်ပါ

၃၊ Editing ကိုနှိပ်ပါ (Figure-1)
 
 
 
 
 
၎၊ Add Line မှာ 188.226.251.76 http://Albert.Apple.com/ ကိုရိုက်ပါ(Figure-2)
 
 


၅ ၊ ပြီးရင် Add Line ကိုနှိပ်ပေးပါ (Figure-3)


၆ ၊ (Figure-4) မှာလို host file ထဲမှာ Saved လုပ်ပြီးတာကိုတွေ့ပါလိမ့်မယ်
 
 


အားလုံးပြီးသွားရင် AntiVirus Software ပြန် Run လို့ရပါပြီ ။

HostsXpert.exe Donload Link > https://app.box.com/s/wzrgrkmff0y6emry4d73

"အားလုံးပဲအဆင်ပြေကြပါစေခင်ဗျား"

စည်သူအောင်(MMUG)

Apple ID Page Admin ( https://www.facebook.com/freeappleid )

Apple ID အရေးကြီးလိုအပ်သူအားလုံး ဒီအကောင့်ယူသုံးနိုင်ပါသည်။

Apple ID အရေးကြီးလိုအပ်သူအားလုံး ဒီအကောင့်ယူသုံးနိုင်ပါသည်။Password တော့မချိန်းနဲ့ပေါ့ဗျာ

Email: freeappleid4all@gmail.com
Password: Quick123( သတိ "Q" ကအကြီးပါ )

အခုပေးထားသော Apple ID ကို အားလုံးယူသုံးနိုင်ပါသည် သို့ ပါ၍ မိမိ ဖုန်းမှ Setting > iTunes & App Store တွင် ပုံထဲကအတိုင်းထားပေးပါ ပုံထဲကအတိုင်းမထားပါ က ထိုအကောင့် တစ်ခုအားသုံးသူ အားလုံး ၏ဖုန်းများမှ Photo များ အားလုံး အကောင့်တူသူ အားလုံးမြင်နိုင်ပါသည်။

Apple ID မှာ iTunes Gift Card ထည့်သုံးမည့်သူများ အတွက် ***Security Question & Answer*** အရေးကြီးပါသည်။

ကျွန်တော်ဖွင့်ပေးလိုက်သော Apple ID များသည် Free App များသာဒေါင်းနိုင်ပါသော်လည်း မိမိ မှ Paid App များဒေါင်းချင် ပါက iTunes Gift Card ထည့်၍ Paid App များဒေါင်းနိုင်ပါသည်

iTunes Gift Card ထည့်သွင်းရာတွင် အရေးအကြီးဆုံး အချက်မှာ မိမိ Apple ID ၏ ***Security Question & Answer*** ကိုမှတ်မိမှသာ ထည့်သွင်းပါ အကယ် ၍ မမှတ်မိပဲ ထည့်သွင်းမိပါက iTunes Gift Card ဆုံးသွားတတ်ပါသည် ။

ကျွန်တော်ဖွင့်ပေးထားသမျှအကောင့်အားလုံးကိုလည်း ***Security Question & Answer*** များ ကို Apple ID နှင့်တစ်ပါတည်းပို့ပေးပါသည်။

***Security Question & Answer*** သည် မိမိအကောင့် ၏ Password မေ့သွားသည်ဖြစ်စေ ပြောင်းလိုသည်ဖြစ်စေ
လိုအပ်ပါသည်။သို့ဖြစ်ပါ၍ မိမိ အကောင့်၏ ***Security Question & Answer*** ကို မှတ်မှတ်ရရသိမ်းထားစေချင်ပါသည်။

"Apple ID အဟောင်းကို Sign out လုပ်ပြီး ID အသစ်ဖြင့် Sign In လုပ်နည်း"

Apple ID အသစ်ရရှိပြီးသူများက အရင်က မိမိ iPhone,iPad,iPod မှာ သုံးနေတဲ့ Apple ID အဟောင်းကို Sign out လုပ်ချင်ရင်

Setting > iTunes & App Store (ပုံ-၁) ကို နှိပ်ပါ > ပြီးလျှင် (ပုံ-၂) ထဲမှာတွေ့သော Apple ID : example@gmail.com စာအပြာရောင်လေးအားနှိပ် ပါ > (ပုံ-၃) ထဲကလို ပေါ်လာလျှင် Sign Out ကိုနှိပ်ပါ > (ပုံ-၄) မှာမြင်ရတဲ့ အတိုင်း Apple ID နေရာမှာ

Email : example@gmail.com (မိမိ Apple ID အသစ် ဖွင့်ထားသော Email)

Password : example(မိမိ Apple ID အသစ် password )

ကိုထည့်ပြီး Sign In ကို နှိပ် ပြီး ရင် မိမိရဲ့ iPhone,iPad,iPod မှာ Apple ID အသစ်ပြောင်းပြီးပါပြီ နောက်ထပ် App အသစ်တွေဒေါင်းပါက Apple ID အသစ်ရဲ့Password ကိုရိုက်ထည့်ပေးပါ။

***** အဓိကအချက်ကတော့ Apple ID အသစ်ပြောင်းပြီး သော် လည်း အရင်အကောင့်အဟောင်းဖြင့် ဒေါင်းထားပါသော App တွေကို Update လုပ်ချင်ရင် အကောင့်အဟောင်းရဲ့ Password လိုပါတယ် ထို့ကြောင့် ဤနည်းတွင် အကောင့် အဟောင်း နှင့် အသစ် နှစ်ခုလုံးရဲ့ Password မှတ်မိနေဖို့အရေးကြီးပါတယ် *****

 
***** အဲ့ဒီနည်းဖြင့်မလုပ်လိုပဲ မိမိ အကောင့်သစ်ဖြင့်သာ သုံးလိုပါက အကောင့်ဟောင်းဖြင့်ဒေါင်းထားသော App အားလုံးဖျက်ပြစ်ပြီး အကောင့်အသစ်ဖြင့် App အားလုံးပြန်ဒေါင်းရပါမည် ။ မှတ်ချက် - အကောင့်အဟောင်းဖြင့် Appများ ပိုက်ဆံပေးဝယ်ယူထားပါက သတိပြုပြီး ဘယ်နည်းသုံးသင့်သလဲမိမိဘာသာဆုံးဖြတ်ပါ*****
 




"Apple ID Verify လုပ်နည်းအဆင့်ဆင့်"

Apple ID Verify လုပ်နည်းအဆင့်ဆင့်

Apple ID အကောင့်ဖွင့်ပြီးသည်နှင့်စတင်အသုံးပြု၍မရသေးပါ မိမိပေးလိုက်သောEmailလိပ်စာမှန်မမှန် Apple မှစစ်ဆေးရန်မိမိ Email သို့ mailတစ်စောင်ပို့လာပါမည်။

Verify လုပ်ပုံအဆင့်ဆင့် (iPhoneဖြင့်)

1.မိမိ iPhone ၏ Safari App သို့သွားပါ m.gmail.com ကိုရိုက်ထည့်ပြီး မိမိ Email ကို SignIn လုပ်ပါ ။

2. မိမိ Email Inbox ထဲတွင် Apple နာမည်ဖြင့် email ရောက်နေပါမည် တစ်ခါတစ်လေ Spam mail ထဲရောက်နေတတ်ပါသည် ၊ (ပုံ-၁)

 


 

 


***မိမိ iPhone,iPad,iPod မှ Credit-card မတောင်းအောင် Free Apple ID ဖွင့်နည်း***


 





8. မိမိ၏အချက်အလက်များဖြည့်စွက်ရန်ပေါ်လာပါမည်

- Email : ***မိမိလက်ရှိSignInလုပ်ပြီးမေးလ်းစစ်နိုင်သောEmailကိုဖြည့်ပါ***

- Password : စစချင်းအကြီးတစ်လုံးပါရမည် ဥပမာ Fasts456
Verify : Fasts456 (Password မှာရေးခဲ့တဲ့အတိုင်း)

- Security Info
(လုံခြုံရေးအတွက်မေးခွန်းနဲ့အဖြေများ)
ကျွန်တော်ရွေးသမျှမေးခွန်းနဲ့ အဖြေတွေပါ ကိုယ်ကြိုက်ရာမေးခွန်းရွေးပြီးအဖြေလည်းကြိုက်သလိုဖြေလို့ရပါတယ် ***အဓိကက မေးခွန်းရောအဖြေပါမှတ်မိဖို့အရေးကြီးပါတယ်***
Q 1. What was the first thing you learned to cook?
Ans 1. egg

Q 2. What is your dream job?
Ans 2. engineer

Q 3 . What was the first name of your first boss ?
Ans 3 . jackie

- OPTIONAL RESCUE MAIL

Email တစ်ခုပဲသုံးသူများအတွက်မဖြည့်လဲရပါတယ်

သူက ကိုယ့်Email(အပေါ်ဆုံးမှာဖြည့်ခဲ့တဲ့ဟာ)
တစ်စုံတစ်ခုကြောင့်ဝင်မရဖြစ်နေရင် Apple ကနေ Mail ပို့တဲ့အခါ ဒီမှာဖြည့်ထားတဲ့ နောက်ထပ်Mail ကနေလက်ခံနိုင်အောင်ပါ

- Date Of Birth(မိမိမွေးနေ့)
အမှန်အတိုင်းဖြည့်တော့မှတ်မိတာပေါ့ သူများကိုဖွင့်ပေးမှာဆိုရင်တော့ ကျွန်တော် သုံးသလို

Jan - 1 - 1990 စသဖြင့်သုံးနိုင်ပါတယ်

အဲဒီအားလုံးဖြည့်ပြီးရင် Next ကိုနှိပ်ပါ ( ပုံ-၈,၉,၁၀ )



9. ဒီအဆင့်ရောက်ရင်အရင်ကကိုယ်တိုင်ဖွင့်ဖူးသူတွေ Credit-card တောင်းနေတာမတွေ့ရပဲ Noneမှာအမှတ်ခြစ်လေးနဲ့တွေ့ပါလိမ့်မယ်

iTunes Card လက်ဝယ်ရှိပြီးထည့်လိုသူတွေကတော့

Code မှာ : iTune Gift Card
ကဒ်ပေါ်ကနံပါတ်များရိုက်ထည့်ပေးပါ

ကဲစပြီးနာမည်,လိပ်စာ,ဖုန်းနံပါတ် တို့ဖြည့်ကျပါစို့
ဥပမာ
Title : Mr.
First Name : Si Thu
Last Name. : Aung
Address. : 899
Address. : Brooklyn(မဖြည့်လဲရ)
City. : Newyork
State. : NY
Zip. : 10001

Phone 123 2087156

အထက်ပါအတိုင်းအားလုံးဖြည့်ပြီးတစ်ခေါက်စစ်ကြည့်ပါမှန်ပြီဆိုလျှင် Next ကို နှိပ်ပါ ( ပုံ-၁၁,၁၂,၁၃ )





***Apple ID Verifyလုပ်နည်းကိုထပ်ဖတ်ပေးပါ***