အမြန်လမ်းမှာခရီးအသွားများသူများအတွက်အသုံးဝင်မယ့် Application လေးပါ မိမိကားကို လိုအပ်တဲ့ Speed (Km) ကျော်ခဲ့ရင် Alarm မြည်ပေးတဲ့ Application လေးပါ ကိုယ် မြည်စေချင်တဲ့ Speed (Km) ကိုလည်းချိန်ထားလို့ရပါတယ်
ဥပမာ - 100Km မှာချိန်ထားလိုက်ရင် 100Km ကျော်တာနဲ့ Alarm မြည်မှာပါ
မြည်စေချင်တဲ့ Km ကိုချိန်ဖို့က ညာဘက်အပေါ်ဆုံး ဒေါင့်နားက Setting ပုံလေးကိုနှိပ်ပါ ပြီးရင် Speed Warning မှာ ကိုမြည်စေချင်တဲ့ Km ကိုရွေးပြီး Done နှိပ်ပါ
*****မိမိဖုန်းရဲ့ Location Service (GPS)ကိုတော့ On ထားရပါမယ်*****
Application နာမည် က Speedometer (Speed Box ) ပါ Android ရော iOS ရော နှစ်မျိုးလုံးအတွက်ရှိပြီး iOS မှာ တော့ GPS sensorပို ကောင်းတဲ့ အတွက် ပိုအဆင်ပြေပါတယ် Android မှာဆိုလည်း GPS sensor ဆွဲအားကောင်းတဲ့ဖုန်းအမျိုးအစားတွေမှာအသုံးပြုလို့ရမှာပါ
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့
iOS Download Link > https://itunes.apple.com/us/app/speedometer-free-speed-box/id307529605?mt=8